နေပြည်တော်၊ ဧပြီ ၃
တပ်မတော်နှင့် အကြမ်းဖက် သောင်းကျန်းသူများ ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ထိတွေ့မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားရာ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၆ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်တွင် ဖားဆောင်းမြို့ မီးသတ်ရုံးသို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ)အဖွဲ့က စနိုက်ပါဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မာန်အောင်တောင်ကြောရှိ ဥယာဉ်ခြံနေရာတစ်ဝိုက်တွင် KNLA နှင့် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ ကြိုတင်ပစ်ခတ်ချေမှုန်း၍ သွားရောက်ရှင်းလင်းခဲ့ရာ လက်နက် ၅ လက်၊ ကျည် ၁၅ တောင့်၊ အမ်(၄) ကျည်အိမ် ၂ ခုနှင့် တဲ ၂ လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းအနီး KNLA တပ်မဟာ ၆၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ လေညာမြို့နယ်၊ ကျားချောင်းကျေးရွာ ဝန်းကျင်တစ်ဝိုက် အကြမ်းဖက်အဖွဲ့များ ရောက်ရှိ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် ၎င်းရွာသို့အရောက် KNU နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အမ်(၁၆) ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၅၅ တောင့်၊ ပြောက်ကျားအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကျွန်းကုန်းပြည်သူ့စစ်ကျေးရွာသို့ နေရာ ၄ နေရာမှ PDF အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရသည်။ အလားတူ ခန္တီးမြိုနယ်၊ လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီး၌ NSCN(K)(ခွဲထွက်)အဖွဲ့ ENNO/ENDA အဖွဲများ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ အမ်အေ(၅) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
#News
No comments:
Post a Comment