အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များ အတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များ အတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ











နေပြည်တော်/ရန်ကုန်၊ ဧပြီ ၅

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) နှင့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်၊ ၀၉၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ နေပြည်တော်၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄) ကို နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် ၁၅-၁-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ (၁၂) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ အစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား (၁၉၉) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များနှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချခဲ့သည်။

ထို့ပြင် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၆-၃-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသစ် ခန့်အပ်လိုက်သည့် အငယ်တန်းစာရေး (၂၀)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အခြေခံရုံးလုပ်ငန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို ပို့ချခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး/ ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)