Siberian Hospitality Forum “Wild Plants” 2024: VI Siberian Tourism Forum and International Hostility Exhibition “HoReCa Siberia” သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Siberian Hospitality Forum “Wild Plants” 2024: VI Siberian Tourism Forum and International Hostility Exhibition “HoReCa Siberia” သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်


 နိုဗိုစီဗစ်၊ ဧပြီ ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးပြည့်ဖြိုးဝေသည် ၃-၄-၂၀၂၄ ရက်နေ့၊ ၁၄ ၀၀နာရီတွင် နိုဗိုစီဗစ်မြို့ရှိ Russian Export Center ၌ ကျင်းပခဲ့သည့် Siberian Hospitality Forum “Wild Plants” 2024: VI Siberian Tourism Forum and International Hostility Exhibition “HoReCa Siberia” ဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဖိုရမ်၏ စကားဝိုင်းတွေ့ဆုံဆွေးနွေးပွဲ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ Regional office in Novosibirsk, Head, Mr. Nikolay A. Afonasov က အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး Head of the department of the development of domestic and inbound tourism, Mrs. Elena Sergeevna Kryzhanovskaya နှင့် Head of the touristic agency “Pegas”, Mr. Dmitry Manin တို့မှ ဆိုက်ဘေးရီးယားဒေသအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာရန် နည်းလမ်းများရှာဖွေရေးတို့အပေါ် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ကောင်စစ်ဝန်ချုပ်က ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဆိုလျှင် MAI လေကြောင်းလိုင်း အနေဖြင့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် အသွား/အပြန် ရက်သတ္တပတ်(၁)ပတ်လျှင် (၂)ကြိမ်ခန့် ပျံသန်း ပြေးဆွဲလျက်ရှိနေသည်ဖြစ်ရာ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ “Friendly Myanmar” ခေါင်းစဉ်ဖြင့် Video clip အား တင်ဆက်ပြသ၍ ဆွေးနွေးပွဲတက်ရောက်လာသူများအား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်သည် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းထောက်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)