ခိုလမ် ဧပြီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်မှ ဒေသခံပြည်သူများအား တစ်လင်တစ်မယားစနစ်ကျင့်သုံးရေးဥပဒေအကြောင်း သိကောင်းစရာအချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ သိလိုသည်များကိုမေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment