ကယားပြည်နယ် လွိုင်ကော်မြို့၌ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် လွိုင်ကော်မြို့၌ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ



လွိုင်ကော် ဧပြီ ၁၀

ကယားပြည်နယ် လွိုင်ကော်မြို့၌ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများနှင့် လူငယ်လူရွယ်များ အလွယ်တကူစာပေ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်နိုင်ရေးအတွက် မွန်မြတ်ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခြင်းဖြစ်ပါကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရေး၊ ပြည်နယ်အတွင်း စာဖတ်ခြင်းအလေ့အထ ပြန့်ပွားအောင် တိုက်တွန်းနှိုးဆော်ပြီး စာတတ်သူအားလုံး စာဖတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုကဲ့သို့ တစ်တပ်တစ်အား ပါဝင်လှူဒါန်းပေးကြသော ဝန်ကြီးဌာနများနှင့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာစေရေးအတွက်လည်း ဆက်လက်၍ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာစောင်များနှင့် အလှူငွေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ လက်ခံရယူခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့မှ ဝန်ကြီးဌာနများနှင့် စေတနာရှင်အလှူရှင်များက ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာစောင်များနှင့် အလှူငွေများအား လက်ခံရယူခဲ့ကြသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတနာရှင်အလှူရှင်များ လှူဒါန်းထားသည့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)