မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်




မော်လမြိုင် ဧပြီ ၁၀

မွန်ပြည်နယ်တွင် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ စာပဒေသာ ဝေဆာစေမည် Video Clip အား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံး၊ အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာသည့်လူ့ပတ်ဝန်းကျင်ဖြစ်လာစေရေး အထောက်အပံ့ဖြစ်ပါကြောင်း၊ ယခုလို လူအား ငွေအားဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာဘဏ်တိုက် စာကြည့်တိုက်ဖြစ်ရေး ဆောင်ရွက်နေသည်မှာ ပြည်သူများအတွက် ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လာရေး အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက်ကော်မတီဝင်များ ပြည်သူများ ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် စာပေဖတ်ရှုမှုကို အားပေးသည့်၊ စာပေကို တန်ဖိုးထားသည့် စေတနာရှင်များ၊ အလှူရှင်များ၏ လှူဒါန်းမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်/စာစောင်များနှင့် အလှူငွေများအား  မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ရဟန်းသံဃာအလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များနှင့်အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော အလှူရှင်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးကာ ခန်းမအတွင်း၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)