မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်



ပဲခူး  ဧပြီ  ၁၀

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်  (၁၀) နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။     

ရှေးဦးစွာ အခမ်းအနားကို  “စာပေဒသာ ဝေဆာစေမည်” Video Clip အား ပြသ၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင် ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်ကြောင်း၊ စာအုပ်၏ တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ ရရှိမည့် အသိက တန်ဖိုးဖြတ်၍ မရကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးကို ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသော လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ပေးခြင်း ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်အတွက် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း၊ အသိပညာမြင့်မားရေးအတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုများ ထွန်းကားလာရေးကို အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ် ရုပ်ဝတ္တုပစ္စည်းများ တိုးတက်လာသော်လည်း ၎င်းရုပ်ဝတ္တုများကို ကိုင်တွယ်သုံးစွဲသည့် လူသားများအနေဖြင့် အမှား/ အမှန် အကြောင်းအကျိုး ခွဲခြားနိုင်သည့် အသိပညာ အားနည်းပါက ကောင်းကျိုးထက် ဆိုးကျိုးများ ကြုံတွေ့ရနိုင်မည်ဖြစ်ပြီး အသိဉာဏ်ပညာပြည့်ဝမှသာ ကောင်းကျိုးပြည့်ဝသော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး တိုက်တွန်းခြင်း၊ အသိပညာပေးခြင်းများအပြင် စာတတ်ရုံ၊ အတတ်ပညာပြည့်ဝ ရုံသာမက စဉ်းစား တွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများ၊ မိဘများ၊ ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များ ရှင်သန်ရေးအတွက် နိုင်ငံတော်၏ အား၊ စေတနာရှင် အလှူရှင်များ၏ အား၊ စာကြည့်တိုက်ကော်မတီတို့၏ အား လိုအပ်ပြီး သက်ဆိုင်ရာဒေသအလိုက် စာပေချစ်သူများက စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။     

ယင်းနောက် စာအုပ်စာစောင်နှင့် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ရခြင်း အတွက် မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။  

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေကျပ်(၄၁၃)သိန်းကျော်နှင့် သုတ၊ ရသ စာအုပ်စာစောင် (၃၀၀၀) အုပ်၊ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ်(၄၉၄)သိန်းကျော် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)