ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာင်္ကြန်အတက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာကျင်းပမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်္ကြန်ချစ်ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာင်္ကြန်အတက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာကျင်းပမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်္ကြန်ချစ်ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


မြစ်ကြီးနား ၊  ဧပြီ  ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းနှုတ်ဆက်၍ ၁၃၈၆ ခုနှစ် နှစ်သစ်ကို ကြိုဆိုသည့် မဟာသင်္ကြန်ပွဲတော် အခါ သမယတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူပျော်ရွှင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုသို့ မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပလျက်ရှိသည့်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး လမ်းလျှောက်သင်္ကြန်နှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တို့တွင် ရေကစားသူများ၊ လာရောက်လည်ပတ်သူ များဖြင့် အထူးစည်ကားသိုက်မြိုက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှ များ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို သင်္ကြန်ချစ်သူပြည်သူများနှင့် အတူ ပျော်ရွှင်အေးချမ်းစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဆမားလမ်းမပေါ်ရှိ ဌာနဆိုင်ရာများ နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ငွေပျော်အိုင်မဏ္ဍပ်၊ ပိတောက်ရွှေဝါမဏ္ဍပ်၊ ကမ္ဘာကျော် ရေကစားမဏ္ဍပ်၊ နှစ်သစ်ကူးအတာသင်္ကြန်ရေကစားမဏ္ဍပ်၊ ပိတောက်ရွှေဝါရေကစားမဏ္ဍပ် စသည့် အတာရေသဘင်မဏ္ဍပ် (၅)ခုတို့တွင် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေမှု များကို လာရောက်လည်ပတ် ရေကစားသူပြည်သူများနှင့်အတူ  ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အလားတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များနှင့် အတူ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ တက်ရောက်ပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှ များဖြင့် ကပြဖျော်ဖြေမှုများ၊ ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် လမ်းလျှောက်သင်္ကြန်အတွင်း ဌာနဆိုင်ရာများက နေ့စဉ်အလည့်ကျ တစ်ရက်လျှင် နံနက် နှင့် နေ့လယ် (၂)ကြိမ် မြန်မာ့ရိုးရာအစားအစာမျိုးစုံကို ဧည့်ခံကျွေးမွေးပေးကြရာ သင်္ကြန်လာရောက် လည်ပတ်သူများက ပျော်ရွှင်စွာလှည့်လည်စားသောက်လျက်ရှိသည့်အပြင် မြို့ပေါ် ရပ်ကွက် လမ်းမ များတွင်လည်း ရေပက်ကစားသူများ၊ ရေပက်ခံထွက်သည့် ကား၊ သုံးဘီးများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားလျက်ရှိသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၆ ရက် ညပိုင်းကလည်း မဟာသင်္ကြန်ပွဲ‌တော် ဗဟိုမဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များ၏ ကိုယ်ပိုင် သံစဉ်၊ ကိုယ်ပိုင်စာသား၊ ကိုယ်ပိုင်ဆိုင်းဝိုင်းဖြင့် အလှည့်ယှဉ်ပြိုင်မှုကို ဒိုင်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)