လွိုင်လင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းပွဲ ပြုလုပ်



လွိုင်လင် ဧပြီ ၂


ရှမ်းပြည်နယ်(တောဂ်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အကျုံးဝင်သူများ၊ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရှိသူများ၊ ဆင့်ခေါ်ရေးအမိန့်စာရရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပို့ရန်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယခရိုင်ဥပဒေအရာရှိက စစ်မှုထမ်းဆိုင်ရာဥပဒေကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။


တက်ရောက်လာကြသည့် ဌာနဆိုင်များမှ သိလိုသည်များ၊ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ရှင်းလင်းပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ရှင်းလင်းပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)