ပုဗ္ဗသီရိမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်အတက်နေ့၌ သီလခံယူသူနှင့် ကောင်းမှုပြုသူ၊ ရေကစားသူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်အတက်နေ့၌ သီလခံယူသူနှင့် ကောင်းမှုပြုသူ၊ ရေကစားသူများဖြင့်စည်ကား

 



ပုဗ္ဗသီရိ  ၊ ဧပြီ ၁၇       

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ် ပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ သီလဆောက်တည်သည့် ပြည်သူများက မိမိတို့၏ ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ ရေပက်ခံ ထွက်သူများ၊ ရေကစားသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရပ်ကွက်၊ ကျေးရွာ ရေကစားမဏ္ဍပ်ငယ်များတွင် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ တစ်ဦးချင်း စေတနာရှင်နှင့် အစုအဖွဲ့ စေတနာရှင်များက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံကြော်၊ ရွှေရင်အေး၊ ကြာဇံ ဟင်းခါး၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ထမင်းချဉ်၊ ထမင်းနှင့်ဟင်းများကို စတုဒိသာအဖြစ် လမ်းဆုံ၊ လမ်းဘေးနှင့် အိမ်ရှေ့များတွင် ကျွေးမွေးလှူဒါန်းကြကြောင်း သိရပြီး၊ နှစ်ဆန်း တစ်ရက်နေ့တွင် သံဃာတော်များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သန်းသန်းနွယ်(ပုဗ္ဗ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)