ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ၊  ဧပြီ  ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဈေးကွက်ရှိသည့် ပဲတီစိမ်း သီးနှံစိုက်ပျိုးခြင်းကို မိုးသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မိုးကြိုသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်ပိုင်းက စတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးကြိုပဲတီစိမ်းသီးနှံ (၂၂၇၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ပွင့်ဖြူမြို့နယ်မှာ မိုးကြိုပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် လျာထားချက် မရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံ တောင်သူတွေက ဈေးကွက်ရှိတဲ့သီးနှံဖြစ်လို့ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်း သီးနှံများကို ဖေဖော်ဝါရီလကုန်ပိုင်း လောက်စပြီး စိုက်ပျိုးခဲ့ရာ ဒီနေ့အထိ (၂၂၇၁) ဧက စိုက်ပျိုးပြီးစီး နေပြီဖြစ်ပါတယ်။ ဒီဒေသက စိုက်ပျိုးရေလဲ ဖူလုံတဲ့အပြင် စိုက်ပျိုးရေမြေလဲ မျှတကောင်းမွန်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ပဲတီစိမ်း သီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အထွက်နှုန်းကောင်းဖို့အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲကြဖို့၊ သဘာဝမြေဩဇာနဲ့ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြဖို့ အသိပညာပေးတာတွေကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးကြိုပဲတီစိမ်းစိုက်ပျိုးတောင်သူများကို တစ်ဧက ပန်းတိုင်းအထွက်နှုန်းများ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိုးကျ မှန်ကန်စွာ သုံးစွဲတတ်စေရေးစသည့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)