တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့်တင်လှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့်တင်လှူပွဲကျင်းပ

 


တန့်ယန်း  ၊  ဧပြီ   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်မြတ်ပေါ်တွင် တည်ထားတော်မူလျက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့် အရဟံဇိနအောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကြီးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်္ဂလာမဏ္ဍပ်အတွင်းသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူရာ မင်္ဂလာဆိုင်းအဖွဲ့မှ စည်တော်ယွန်းပေးကာ နေရာယူကြပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံကျော်အဆိုတော် တေးသံရှင် စိုးစန္ဒာထွန်းက သားစိန်သောင်းမင်္ဂလာဆိုင်းအဖွဲ့နှင့်တွဲဖက်၍ “ထူးမခြားနား”သီချင်းကို သီကြူးခဲ့ကြောင်း သိရသည်။

ယင်းနောက် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)ထံမှ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ၉ ပါးသီလ ခံယူဆောက်တည်ကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို ဆရာတော်ကြီး များထံ ဆက်ကပ်ပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ်တရာတော်များ ချီးမြှင့်သည်။

ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို ယူဆောင်၍ စေတီတော်မြတ်ကြီးပရဝုဏ်၌ ပက်ဖျန်းချည်နှောင်ပေးကာ ဘုရားဒါယကာ၊ ဒါယိကာမများမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်သည်။

အောင်တော်မူစေတီတော်မြတ်ကြီးအထွဋ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ဒေဝါဝင်း၊ ရာဇာဝင်း ခြံရံလျက် စေတီတော်ကြီးအား လက်ျာရစ် သုံးပတ် ပင့်ဆောင်၍ ယာယီစံမဏ္ဍပ်၌ထားရှိပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော် ပထမဘုံ၊ ဒုတိယဘုံ၊ တတိယဘုံတို့ကို တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)