ရွှေတောင်မြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာနှင့် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာနှင့် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့




ရွှေတောင်  ဧပြီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက ယနေ့ နံနက်ပိုင်းက ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာနှင့် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ခဲ့ကြသည်။

     အဆိုပါ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာနှင့် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့များပြုလုပ်ရာတွင် ယွန်းတန်းရပ်ကွက် ၊ကမ်းနားတန်းလမ်းရှိ ( မြေထိန်းနံရံ) ဧရာဝတီမြစ်ကမ်းဘေး ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာ ကျင်းပရာ ငါးကောင်ရေ( ငါးကြင်းရွှေဝါ၊ ငါးခုံးမ၊ ငါးမြစ်ချင်း)    (၁၀၀၀၀) ကို ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့သည်။ 

       ယင်းနောက် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၁၇)ဦး နှင့် ရွှေတောင်မြို့နယ် ၊ ရပ်ကွက်( ၃)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား ( ၁၅)  ဦးတို့အား တစ်ဦးလျှင်အလှူငွေ ( ၂၅၀၀၀ိ/-)ကျပ်ဖြင့် တန်ဖိုးငွေ (၈၀၀၀၀၀ိ/-) ကျပ်နှင့်  သွားတိုက်ဆေး၊ ဆပ်ပြာ၊   ပရုပ်ဆီ၊ အစာကြေဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေး၊ ပါရာစီတမာ့၊မိုင်လိုတို့အားပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)