လူရည်ချွန်စခန်း(ချောင်းသာ)၌ စခန်းချနေထိုင်မည့် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များကို ရင်းနှီးနွေးထွေးစွာ ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူရည်ချွန်စခန်း(ချောင်းသာ)၌ စခန်းချနေထိုင်မည့် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များကို ရင်းနှီးနွေးထွေးစွာ ကြိုဆို


ချောင်းသာ ၊   ဧပြီ ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်မည့် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များသည် ယမန်နေ့ညနေ ၆ နာရီအချိန်က ချောင်းသာမြို့သို့ ရောက်ရှိလာကြရာ ချောင်းသာမြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ချောင်းသာမြို့အဝင်နှင့် လူရည်ချွန်စခန်း(ချောင်းသာ)မုဒ်ဦးတို့တွင် ရင်းနှီး‌နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။


လူရည်ချွန်မောင်မယ်များသည် ချောင်းသာမြို့ AZURA ဟိုတယ်၌ ယာယီဖွင့်လှစ်ထားသည့် လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်ပြီး လူရည်ချွန်‌ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများလေ့လာခြင်း၊ ကမ်းခြေတွင် အပန်းဖြေခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လူရည်ချွန်စခန်း(ချောင်းသာ)တွင် မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ် (၁၃၇)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများက ဧပြီလ(၂၇)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ ယာယီစခန်းချနေထိုင်သွားမည်ဖြစ်ပြီး အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်စေနိုင်ရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ချောင်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)