ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဧပြီလ ၁ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ KIA နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပစ်မှတ်ထားလုပ်ဆောင်လျက် ရှိရာ ယခုဖြစ်စဉ်မှာလည်း ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများကို KIA နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီလ ၁ ရက်နေ့မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့်အတွက် မနော်သာကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ဟုမ္မလင်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက် မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများ အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)