ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆို




ရန်ကုန်   ၊  ဧပြီ  ၂၈


၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်ဓ္ဓမလမ်းရှိ MCC ခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရာလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများများမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာ ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များသည် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ သွားရခြင်းဖြစ်၍ ယခုလို ကြိုဆိုဧည့်ခံရေးအစီအစဉ်ကို ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် လူငယ်မောင်မယ်များကို လူရည်ချွန် လူရည်မွန်များဖြစ်လာစေရန်၊ ကျန်းမာသန်စွမ်းသော ကိုယ်ကာယကြံခိုင်သော၊ ဉာဏ်ပညာထက်မြက်သော၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့် ပြည့်စုံစေ၍ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး" ဟူသော ဦးတည်ချက်ကို ပေါက်မြောက်အောင်မြင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသည့် လူတော်လူကောင်းများဖြစ်လာစေရေးနှင့် အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးထမ်းရွက်နိုင်စွမ်းရှိသော လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းသို့တည်ခင်းဧည်ခံနေချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ကင်း‌ထောက်လူငယ်များက တေးသံသာများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။


ဆက်လက်၍ လူရည်ချွန်မောင်မယ်များက "လမ်းပြကြယ်"၊ "လူငယ်စွမ်းရည်"အစရှိသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ လူည်ချွန်များသည် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းများသို့ သွားရောက်ကြမည်ဖြစ်ရာ ငွေဆောင်လူရည်ချွန်စခန်းသို့ (၁၃၇)ဦး၊ ချောင်းသာလူရည်ချွန်စခန်းသို့ (၁၃၇)ဦး သွားရောက်ကြမည်ဖြစ်ပြီး ကြီးကြပ်အုပ်ချုပ်သူ (၃၂)ဦး စုစုပေါင်း (၃၀၆)ဦး လိုက်ပါသွားကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)