ဟင်္သာတ ၊ ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်ထွန်းက ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ အကြောင်းတို့ကို အကျယ်တဝံ့ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ပေးပို့သည့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်သော မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် ခေတ္တခရိုင်အုပ်ချုပ်ရးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများက ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးမှုတို့ကို လိုက်လံ ကြည့်ရှုအားပေးကာ အစားအစာနှင့် လက်ဆောင်ပစ္စည်းများကို လိုက်လံဝေငှပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment