ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေ


 

ပွင့်ဖြူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့်ပူးပေါင်းပြီး ကံသာကြီးကျေးရွာ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို မတ်လဒုတိယပတ်ကစပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပဲမျိုးစုံသီးနှံလာရောက်ရောင်းချသည့် ဒေသခံတောင်သူများအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံရောင်းချခွင့်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းပြုလုပ်သည့် ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို မတ်လ(၁၁) ရက်နေ့မှစပြီး  ဧပြီလ(၁၀)ရက်နေ့အထိ ရက်ပေါင်း (၃၀)ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ သီးနှံများကို ဝယ်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံများဝယ်ယူရာ၌ ပဲအမျိုးအစားအလိုက်(A,B,C)နှင့် အခြားအဆင့်ဟူ၍ အမျိုးအစားခွဲ၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ တောင်သူအစုအဖွဲ့များ ပူးပေါင်းပြီးတော့ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို ပြုလုပ်လျက်ရှိပါတယ်။ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ဖြစ်မြောက်ရေးအတွက် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေး ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီးတော့ စီစဉ်ကျင်းပတာဖြစ်ပါတယ်။ အဲဒီလိုသီးနှံစုပေါင်းရောင်းချပွဲ ဆောင်ရွက်ပေးတဲ့အတွက် ဒေသခံတောင်သူတွေလဲ အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ ရောင်းချရလို့ အဆင်ပြေကြတယ်။ ဒေသတွက်ပဲမျိုးစုံသီးနှံများ ဝယ်ယူရာမှာ သီးနှံအမျိုးအစားအလိုက် (A,B,C) နှင့် အခြားအဆင့်ဟူ၍ အမျိုးအစားခွဲပြီးတော့ ဝယ်ယူပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ရက်နဲ့တစ်ရက် အတူဘူးပေါ့။ ဈေးအတက်/အကျပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ ဒီနေ့ဆိုရင် ကုလားပဲသီးနှံ (A)အဆင့်က တစ်တင်းကို ငွေကျပ် ၇၉၅၀၀၀ ၊ ဟော်လန်(A)အဆင့်က တစ်တင်းကို ငွေကျပ် ၇၈၀၀၀ ၊ မြကြေးမုံကတစ်တင်းကို ငွေကျပ် ၇၉၀၀၀ ၊ ထောပတ်ပဲက တစ်တင်းကို ငွေကျပ် ၁၀၄၀၀၀ ၊ စားတော်ပဲကတစ်တင်းကို ငွေကျပ် ၉၃၀၀၀ ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဆင်ပြေစွာသီးနှံရောင်းချနိုင်ရန်အတွက် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့ကဦးဆောင်၍ ယခုလိုတောင်သူသီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် လိုအပ်တဲ့ တောင်သူအသိပညာပေး ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုပစ္စည်းများ အချိုးကျသုံးစွဲတတ်စေရေးနှင့် သဘာဝမြေဩဇာအသုံးပြုရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)