ဖျာပုံ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီအလိုက်တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအားလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၁ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထား မောင်ကမြို့နယ်အနေဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက်ဆောင်ရွက်ရမည့် ဆပ်ကော်မတီအလိုက် တာဝန်ခွဲဝေချထားမှုများ၊ ဆောက်ရွက်ရမည့် လုပ်ငန်းများ၊ ဘဏ္ဍာငွေရရှိရေးဆိုင်ရာများ၊ ယိမ်းအဖွဲ့ကြို/ပို့ကိစ္စရပ်များ၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခြင်း၊ နေ့ရက်အလိုက်စတုဒီသာကျွေးမည့် အစီအစဥ်များ၊လုံခြုံရေးကိစ္စရပ်များအား၊ အသေးစိတ်ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာသူများက ကဏ္ဍတစ်ခုချင်းအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊မြို့မိမြို့ဖများ၊လုပ်ငန်းရှင်များနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment