ညောင်ဦး ၊ ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထွက်ကုန်ဖြစ်သည့် ဖရဲသီးများ စတင်ဆွတ်ခူးချိန်တွင် ဈေးနှုန်းကောင်းခြင်းကြောင့် ဖရဲစိုက်တောင်သူများ ဆွတ်ခူးရောင်းချချိန် ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ဂျပန်ဖရဲစိုက်ပျိုးတောင်သူ ဦးမင်းမင်းထွန်းထံက သိရသည်။
ယခင်နှစ်က ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ဈေးကောင်းမရသော်လည်း ယခုနှစ် တွင် ဈေးကောင်းရရှိကြောင်း၊ ခေါင်သီး တစ်လုံး ၃၀၀ဝ ကျပ် ရောင်းချရပြီး ခေါင်သီးမဟုတ် သည့် အသီးများ ၂၅၀၀ ကျပ်ရောင်းချရခြင်းကြောင့် ယခုနှစ်ဖရဲစိုက် တောင်သူများ မနှစ်က အရှုံးပေါ်ခဲ့သည့် ဖရဲစိုက်ပျိုးတောင်သူများ ဝင်ငွေတွက်ခြေကိုက်ကာ ဆက်လက်စိုက်ပျိုး တောင်သူများလည်း ရှိနေကြောင်း သိရသည်။
ဖရဲတစ်ပင်တွင် ဖရဲသီးသုံးလုံးသာ ချန်ထားပြီး သီးလာသည့် ဖရဲသီးများ ခူးဆွတ်ပေးရကြောင်း၊ သို့မှသာ ရောင်းတန်းဝင် ဈေးကွက်ဝင် ဖရဲသီးဖြစ်လာမည်ဖြစ်ကြောင်း၊ ဖရဲစိုက်တောင်သူ ဒေါ်ဌေးကြည်က ပြောပြသည်။ ဖရဲများစိုက်ပြီး ရက်ပေါင်း ၆၅ ရက်ရှိလျှင် ခူးဆွတ်ချိန် ရောက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဂျပန်ဖရဲ (ခေါ်) 2.1.1 မျိုး တစ်မျိုးထဲသာ စိုက်ပျိုးကြပြီး အခြားဒေသများတွင် ဒုံးကြည်သီးဖရဲဟု ခေါ်ကြောင်းလည်း သိရ သည်။ အခြားဒေသများတွင် ဖရဲမျိုးအား အလုံးကြီးသည့် 5-1-1 အမှတ်တံဆိပ် ဖရဲမျိုးများသာ စိုက်ပျိုးကြပြီး ဂျပန်ဖရဲမျိုးများနှင့် ယှဉ်လျှင် ဂျပန်ဖရဲ၏အရသာက ပိုသာကြောင်းနှင့် ဖရဲသီးစိတ်ရောင်းချရာတွင် ဂျပန်ဖရဲသီးကို အကြိုက်များကြောင်း ကျောက်ပန်းတောင်းမြို့မှ ဖရဲသီးရောင်းချသည့် မဌေးကြည်က ပြောပြသည်။ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများသည် ဖရဲစိုက်ပျိုးခြင်းအား မြေအောက်ရေတွင်းများတူးဖော်ကာ စိုက်ပျိုးကြ ကြောင်း၊ ဖရဲပင်သည် ရေအင်မတန်ကြိုက်ကာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် အပွင့်စတင်ပွင့်ချိန်မှအသီး ခူးဆွတ်မရောင်းမခြင်း ရေသွင်းပေးရကြောင်း၊ ဖရဲစိုက်ပျိုးရောင်းချသူ များသည် စိုက်ခင်းရှင်ကိုယ်တိုင် ကျောက်ပန်းတောင်းဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ဖရဲပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment