တောင်ကုတ် ဧပြီ ၄
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကို ဖောင်တော်ဦးစေတီတော် ဓမ္မဝိဇယ သာသနာ့ ဗိမာန်တော်ကြီး တွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆက်လက်ကျင်းပလျက်ရှိကြောင်းသိရသည်။
ထိုသို့ကျင်းပလျက်ရှိရာတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယ ပါဠိဂုဏ်ထူးစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာအပါး(၇)ရှိသည့်အနက်မှ သံဃာ(၇)ပါးလုံးဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် ဖြေဆိုရန် စာရင်းရှိ သံဃာ(၉)ပါးအနက် (၆)ပါးမှလည်းကောင်း ၊ ပထမလတ်တန်းတွင် ဖြေဆိုရန် စာရင်းရှိ သံဃာ (၁၈)ပါး ရှိ သည့်အနက် (၁၃)ပါးမှလည်းကောင်း ၊ ပထမငယ် တန်းရှိ ဖြေဆိုရန် စာရင်းရှိ သံဃာ (၂၆)ပါးရှိသည့် အနက် (၂၃)ပါးမှ လည်းကောင်း ၊ မူလတန်းရှိ ဖြေဆို ရန် စာရင်းရှိသံဃာ(၈၇)ပါးရှိသည့်အနက် (၅၆)ပါး မှလည်းကောင်း ဖြေဆိုခဲ့ကြကြောင်းသိရသည်။
စာဖြေသံဃာတော်များ အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္တုငွေများဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment