ကေ့ာကရိတ် ဧပြီ ၉
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ (၆)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကေ့ာကရိတ်မြို့နယ်အနေဖြင့် ကျေးရွာ(၆)ရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၆) ဝိုင်းကို မြို့နယ်ပညာရေးမှူး(ပူးတွဲ) ဦးအောင်သိန်းနှင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကကြီးကြပ်၍ သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၁)ဦး၊ သင်တန်းကြီးကြပ်ဆရာ၊ ဆရာမ(၆)ဦး၊ စာသင်သားဦးရေ ကျား(၄၇)ဦး၊ မ(၁၁၅)ဦး စုစုပေါင်း(၁၆၂) ဦးတို့ဖြင့် ဧပြီလ(၆)ရက်မှ မေလ(၁၅)ရက်နေ့အထိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ခင်မျိုးဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment