မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်



မကွေး ၊  ဧပြီ  ၂၇

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စားသုံးသူ အသိပညာပေးရာတွင် ဆောင်ရွက်နိုင်မှု အကြိမ်အရေအတွက်ထက် ထိရောက်မှုရှိ၍ စားသုံးသူများ အသိပညာရရှိမှုနိုင်မှု မြင့်မားစေရေးကို ပိုမိုအလေးထားဆောင်ရွက်သင့်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် လွှမ်းခြုံနိုင်မှု ရာခိုင်နှုန်းသည် အရေးကြီးပါကြောင်း၊  အသိပညာပေးဆွေးနွေး ဟောပြောရာတွင်လည်း ဖြေရှင်းဆောင်ရွက်ပြီးခဲ့သော တိုင်ကြားမှုဖြစ်စဉ်များကို ထည့်သွင်းဆွေးနွေး ကြစေလိုကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်မာရေးနှင့်ညီညွှတ်သော ကုန်စည်ဝန်ဆောင်မှုများ ရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက စားသုံးသူရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)