မုဒုံ ၊ ဧပြီ ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF)၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ဦးစွာ မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်ဦးမှ စီမံကိန်းများ၏ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ရေရှည် ပိုမိုအောင်မြင်စေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား ချပြရှင်းလင်းခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များက အဓိက ဆွေးနွေးရမည့် အချက်အလက်များအား ကျေးရွာ (၅) ရွာလျှင် တစ်အုပ်စုဖြင့် အားသာချက်၊ အားနည်းချက်များကို အဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် အကြံပြုချက်များအား ဝိုင်းဖွဲ့သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost
No comments:
Post a Comment