တာချီလိတ် ၊ ဧပြီ ၂၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရီးသွားမည့် ပြည်သူများအား Smart Card (Biometric Card) များကို Enrollment device စက် (၈) လုံးဖြင့် နေရာခွဲဝေ၍ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ နောက်ဆုံးအပတ်မှ စတင်ကာ အဆိုပါ လက်မှတ်များ လာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနမှ နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀)နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိရာ Biographic/ Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း၊ တာချီလိတ်မြို့ရှိ ခရီးသွားပြည်သူများအနေဖြင့် Smart Card (Biometric Card) များကို အမှတ် (၁) ချစ်ကြည်ရေးတံတားအောက်ရှိ ခရိုင်လဝကရုံးတွင် စက်(၂)လုံး၊ မြို့နယ်လဝကရုံးတွင် စက်(၂) လုံး၊ ဝမ်ကောင်းရပ်ကွက်ရုံးတွင် စက်(၂)လုံး၊ တာချီလိတ်လေဆိပ်တွင် စက်(၂)လုံး၊ စုစုပေါင်း Enrollment device စက်(၈)လုံးဖြင့် နေရာခွဲဝေ၍ ဆောင်ရွက်ပေးလျက်ရှိပြီး တာချီလိတ်ခရိုင် အတွင်း လူဦးရေစုစုပေါင်း ၃၇၇၈၄ ဦး ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ TBP, BP လက်မှတ် များဖြင့် တရားဝင် ဝင်/ထွက် သွားလာခွင့်ပြုပေးလျက်ရှိရာမှ (၁.၅.၂၀၂၄) ရက်နေ့မှ စတင်ကာ UID စာရွက်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေး၍ နယ်စပ်ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment