ချောင်းသာမြို့တွင် နှစ်ဦးဓမ္မပူဇာသဘင်ပွဲ (စတုတ္ထမြောက်ည) ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းသာမြို့တွင် နှစ်ဦးဓမ္မပူဇာသဘင်ပွဲ (စတုတ္ထမြောက်ည) ဆက်လက်ကျင်းပ




ချောင်းသာ ၊ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ယက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတ အသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှုးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲ (စတုတ္ထမြောက်ည) ကို ဧပြီ ၂၅ ရက်နေ့ ည ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေ ကျောင်းတိုက်တွင် ဆင်ယင်ကျင်းပခဲ့ရာ သီတဂူလမင်း အရှင်ပညာနန္ဒ (သာသနဓဇဓမ္မာစရိယ) (B.A)Buddhism (SIBA.Myanmar) ဆရာတော်အရှင်သူမြတ်က အေးငြိမ်းချမ်းသာရာ ရောက်ကြောင်း တရားဒေသနာများကို ဟောဖော်ညွှန်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မသဘင်ပွဲသို့ လာရောက်ကြမည့် တရားနာပရိသတ်များအား ဓမ္မပါလပရဟိတအသင်းနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော ပရဟိတအသင်းများနှင့် အသင်းသူ၊ အသင်းသားများက မော်တော် ယာဥ်များဖြင့် အိမ်တိုင်ရာရောက် အကြို/အပို့ ကုသိုလ်ပြု ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းဓမ္မပူဇာသဘင် ပွဲတော်ကို ၁၃၈၆ ခု တန်ခူးလဆန်း ၁၄ ရက် (၂၀၂၄ ခုနှစ်၊ဧပြီလ၊၂၂ ရက်နေ့) မှ ၁၃၈၆ ခု တန်ခူးလဆုတ် ၃ ရက်နေ့(၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်နေ့) အထိ ငါးညတိုင်တိုင် ဆင်ယင် ကျင်းပကြောင်း သိရပြီး ဓမ္မသဘင်(ပဉ္စမမြောက်ည)ဖြစ်သည့် ယနေ့ညတွင် ဆရာတော်အရှင်ဝိဇယ (တိုင်းသံဃာနာယကဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး)မှ တရားဓမ္မဒေသနာတော်များအား ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)