မြစ်ကြီးနား ၊ ဧပြီ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် လိုအပ်ချက် များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ (၃)နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆမားခန်းမ၌ ဝူယန်ကျေးရွာအုပ်စုမှ ဝိုင်းမော်မြို့၊ အမှတ်(၃) ရပ်ကွက်သို့ ထပ်မံတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား သွားရောက်တွေ့ ဆုံအားပေးခဲ့ကြ သည်။
ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ထပ်မံရွှေ့ပြောင်းနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော နယ်မြေအခြေအရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး ယခုလိုလာရောက်ခိုလှုံနေထိုင်သည့်အတွက် နေထိုင်စားသောက်မှု အခက်အခဲနှင့် လိုအပ်ချက်များ ကြုံတွေ့နေရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလောနေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့်လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာအုပ်စု၊ စန်းကား၊ နောင်ဟီးကျေးရွာတို့မှ အမှတ်(၃)ရပ်ကွက် ယူကလစ်ကုန်း၊ လော်ဝေါ်စာပေနှင့် ယဉ်ကျေး မှုကော်မတီရုံးတို့တွင် ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၉၃)စုနှင့် နောင်ချိန်း ကျေးရွာ KBC Camp တို့တွင် ယာယီနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ်စုစုပေါင်း (၁၁၉၇၄၅၀၀)တန်ဖိုး ရှိ ဆန်အိတ်(၁၂၄)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၉၃)ဖာတို့ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အခမ်းအနား တက်ရောက်လာကြသည့် ယာယီတိမ်းရှောင်ပြည်သူများအတွက် မုန့်များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ယာယီစခန်းတာဝန်ခံများနှင့် တိမ်းရှောင်ပြည်သူများက လတ်တလောနေထိုင် စားသောက်မှုအတွက် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက် အတွင်းရှိ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးဝင်းအတွင်း အိမ်ထောင်စုများ နေရာချထားပေးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေထိုင်မှုအဆင်ပြေစေရေးကြမ်းခင်းနှင့် လေ၊ မိုးဒဏ် ကာကွယ်နိုင်ရေး အကာအရံများ ဆောင်ရွက်ပေးရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ရေတွင်းထပ်မံတူးဖော်ပေးနိုင်ရေးနှင့် ရေအိမ်သာများ ထပ်တိုးဆောင်ရွက်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ သည်။
ထိုမှတစ်ဆင့် အမှတ်(၃)ရပ်ကွက် ယူကလစ်ကုန်းရှိ လီဆူနှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းအတွင်း ဝူယန်ကျေးရွာအုပ်စုမှ နေအိမ်များ မီးလောင်ပျက်စီး၍ ယာယီခိုလှုံနိုင်ရေး ဝါးနေအိမ်တန်းလျားများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်တန်းလျားများ တည်ဆောက်ရာ တွင် လိုအပ်သည့် အမိုး၊ အကာ၊ ကြမ်းခင်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး၊ ရေအိမ်သာများ ထပ်တိုးတည်ဆောက်ပေးနိုင်ရေး၊ ရေတွင်းများ တူးဖော်ပေးနိုင်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းပေးနိုင် ရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment