မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင် သရက်-နတ်မီးတောက်-ကံမ ကတ္တရာလမ်းပိုင်း အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင် သရက်-နတ်မီးတောက်-ကံမ ကတ္တရာလမ်းပိုင်း အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး


  


ကံမ  ၊ ဧပြီ  ၁၉


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါကာ ယနေ့မွန်းတည့် (၁၂)နာရီက ကံမမြို့နယ် အလပ်လယ်ကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာအနီး သရက်-နတ်မီးတောက်-ကံမ ကတ္တရာလမ်းပိုင်း အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

           အဆိုပါ သရက်-နတ်မီးတောက်-ကံမ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ကတ္တရာလမ်းအဆင့်မြှင့်တင် ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးတင့်လွင်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကျော်ဇေယျဝင်း(ကံမ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)