ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းအား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းအား တက်ရောက်ဖွင့်လှစ်



ပုသိမ် ၊  ဧပြီ  ၁၉


ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနှင့် ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာတို့အား ဆက်သွယ်ထားကာ လမ်း အရှည် ၉‌၆၂၇ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ လေးမျက်နှာမြို့နယ်နှင့် ကျုံပျော်မြို့နယ် များမှ   အကျိုးပြုကျေးရွာ(၁၆)ရွာ၊ အိမ်ခြေ(၃၂၀၀)၊ လူဦးရေနှစ်သောင်းကျော်အား အကျိုးပြု မည့် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ပြုလုပ်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ခမောက်စု-နွယ်နီရိုးကျေးလက် ကုန်ထုတ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက လမ်းဖွင့်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးတွင် ဆောင်ရွက်ပြီးစီးသည့် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၂)အား ကြည့်ရှု စစ်ဆေးခဲ့ပြီး ချဉ်းကပ်လမ်းမြေသားထုထည် ခိုင်မာရေးနှင့် ရေလမ်းကြောင်း စနစ်တကျဖြစ် စေရေးနှင့်ရေရှည်ခိုင်မာမှုရှိစေရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့် ကျေးရွာ တောင်သူဦးမြင့်သိန်း၏ လယ်မြေရှစ်ဧကတွင် နွေစပါး ဧရာတိုးမျိုးထုတ်စိုက်ခင်း အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး၊ သီးထပ် စွမ်းအားမြှင့်တင်စေရေးနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)