ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပမည်

 


ရန်ကုန်  ဧပြီ  ၅


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။


မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌အများ ပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁၀) ခု၊ လမ်းလျှောက် သင်္ကြန် (၁)ခု၊ဖျော်ဖြေရေးမဏ္ဍပ် (၁)ခုနှင့် မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမည့် အစီအစဉ်များပါဝင်ကြောင်း၊ မြို့တော်ခန်းမ ရှေ့မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြုယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)