ရွှေတောင် ဧပြီ -၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာ အုပ်စု၊ ဆိတ်ကြီးကျေးရွာ အလက - ဆိတ်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄- ၂၀၂၅ မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်က လာမည့် မိုးရာသီကာလတွင် ကျေးရွာအုပ်စုများရှိ ယာမြေများတွင် မုံရွာရွှေဒင်္ဂါးမျိုး ( သက်တမ်း၆လ) ရှိ အထွက်ကောင်းမျိုး ပဲစဥ်းငုံသီးနှံစိုက်ပျိုးရန်အသိပညာပေးဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်( ၂) ဦးကျော်လွင်က မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ ပဲစဥ်းငုံမျိုးများ၏ အရည်အသွေးလက္ခဏာများနှင့်စိုက်ပျိုးနည်းစနစ်ကောင်းများရရှိရေး စိုက်နည်းစနစ်များ၊ သီးညှပ်တန်းကြားစိုက်နည်းစနစ်များအားရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆိတ်ကြီးကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာအုပ်စုတို့မှတောင်သူများ စုစုပေါင်း အင်အား ( ၇၅) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှပြန်လည်ဆွေးနွေးတင်ပြကြရာရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment