ပေါင် ဧပြီ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝါရီရူခန်းမ၌ယမန်နေ့ ညနေ( ၄ )နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးထင်လင်းအောင်က ယခုဆောင်ရွက်ကြမည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ စာတတ်မြောက်စေရေး၊ လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက် စာတတ်မြောက်မှု တိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေရေး၊မိမိဘဝတိုးတက်လာပြီး အမှား၊အမှန်ကိုကောင်းစွာသိလာနိုင်မည်ဖြစ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက
နိုင်ငံတော်၏ရည်မှန်းချက်အရ
တစ်နိုင်ငံလုံး စာတက်မြောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာဆရာမများကကြိုးစားဆောင်ရွက်ပေးကြပါရန်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှစာသင်သားများလာရောက်သင်ကြားနိုင်ရေးကိုကူညီဆောင်ရွက်ပေးကြပါရန်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာတတ်မြောက်ရေးစာသင်ဝိုင်းများကို
နည်းပြအဖြစ် အခြေခံပညာဆရာ၊ဆရာမ ( ၇၆ )ဦး၊ ကြီးကြပ်( ၁၀ )ဦး တို့ကကျေးရွာ( ၁၆ )ရွာရှိစာသင်သား( ၅၇၀ )ဦးတို့ကိုစာသင်ဝိုင်း( ၃၈ )ဝိုင်းခွဲပြီး
ဧပြီ(၆)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ရက်( ၄၀ )ကြာအခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment