ဆင်ပေါင်ဝဲမြို့နယ်ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ လုပ်အားရှင်ကျား (၁၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ လုပ်အားရှင်ကျား (၁၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

 


ဆင်ပေါင်ဝဲ ၊  ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ဖြင့် အကျဉ်းထောင်အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃) ဦးတို့ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁) အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် ဆင်ပေါင်ဝဲမြို့နယ်ကိုးပင် သာစည်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ လုပ်အားရှင် ကျား (၁၈) ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၁၈) ဦးအား ယ‌မန်နေ့‌ နေ့လယ် (၁၂:၁၅) နာရီ၌ အဆိုပါ ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းမှတာဝန်ရှိသူများနှင့်အတူတွေ့ဆုံ၍ ကောင်းမွန်စွာနေထိုင်ကြရန် ဆုံးမဩဝါဒစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)