ရွှေတောင် ၊ ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံ အေရိုးဗစ်သင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်၊ ထူးချွန်သည့် အားကစားသမားများပေါ်ထွန်းလာစေရန် ၊လူငယ်များ ဗလငါးတန်းနှင့် ပြည့်စုံစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အခြေခံ အေရိုးဗစ်သင်တန်းမှသည့် အဆင့်မြင့်သင်တန်းများအထိ ဆက်လက်သင်ကြားပြီး မြို့နယ်၊ ခရိုင်နှင့် တိုင်း ဒေသကြီး လက်ရွေးစင်များအဖြစ် ကြိုးစားဆောင်ရွက်သွားကြရန် ဖြည့်စွက်ပြောကြားခဲ့ကြသည်။
အဆိုပါ အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲတွင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ ဒေါ်မင်းမေယံကျော်နှင့် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြ တင်ဆက်ပြသပေးခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိဖြစ်ကာ သင်တန်းသား/သူ (၁၄) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment