လူထုဗဟိုဌာန (Community Centre) တွင် သက်ကြွယ်တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုဗဟိုဌာန (Community Centre) တွင် သက်ကြွယ်တွေ့ဆုံပွဲကျင်းပ

 



တောင်ကြီး ဧပြီ ၇


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် (၁၃) ကြိမ်မြောက် သက်ကြွယ်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


တွေ့ဆုံပွဲတွင် သက်ကြွယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဘသိန်းဝင်းက အမှာစကားပြောကြားရာ၌ သက်ကြီးရွယ်အိုများ (သက်ကြွယ်များ) အိမ်ထဲတွင်သာနေရ၍ အသွားအလာလှုပ်ရှားမှုမရှိ၊ အထီးကျန်စိတ်အားငယ်မှု လျော့ပါးကင်းဝေးစေရန်၊ ငယ်ပေါင်းမိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းနိုင်စေရန်၊ မိတ်ဆွေသစ်များတိုးပွားရရှိနိုင်စေရန်၊ သက်ရှိထင်ရှားရှိသူများ သတင်းဖလှယ်နိုင်စေရန်၊ ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်သတိရပြောဆိုစကားဝိုင်းဖွဲ့ခြင်းဖြင့် စိတ်ဖိစီးမှုကင်းဝေး၍ လန်းဆန်းတက်ကြွစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယခုအခါ (၁၃) ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ (၁၃) ကြိမ်စလုံး အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး လတစ်လ၏ ပထမပတ်စနေ့နေ့တိုင်း ကျင်းပသွားမည်ဖြစ်သဖြင့် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။


ထို့နောက် ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သကြပြီး အကအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ ဧပြီလမွေးနေ့ရှင်များအား မွေးနေ့သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ မွေးနေ့လက်ဆောင်များ ပေးအပ်ခြင်း၊  သီချင်းများသီဆိုကခုန်ခြင်းတို့ ဆောင်ရွက်ပြီး သက်ကြွယ်တေးသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  


စိုင်းသန်းကျော်(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)