မြဝတီမြို့ကို KNU/PDF က တိုက်ခိုက်ခြင်းမှာ ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ထိန်းချုပ်ပြီးတော့ သူတို့ အသက်ဆက်ချင်လို့ လုပ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ကို KNU/PDF က တိုက်ခိုက်ခြင်းမှာ ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ထိန်းချုပ်ပြီးတော့ သူတို့ အသက်ဆက်ချင်လို့ လုပ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


နေပြည်တော်၊ ဧပြီ ၂၇

ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြည်တွင်းမီဒီယာတစ်ခု ၏ ဆက်သွယ်မေးမြန်းမှုအပေါ်  ဖြေကြားထားသည့် အင်တာဗျူးတွင် ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ထိန်းချုပ်ပြီးတော့ သူတို့ အသက်ဆက်ချင်လို့ လုပ်တာပဲ ဖြစ်တယ် လို့ ထည့်သွင်းပြောဆိုသွားပါတယ်။


မြဝတီမြို့ကို KNU/PDF က သိမ်းပိုက်ခြင်းမှာ လောင်းကစားလုပ်ငန်းများကို နှိမ်နင်းရန်ဟူသော USIP မှ တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဓိပ္ပာယ်မရှိတဲ့ ပြောကြားချက်ပါပဲ။ ဒါ ကျွန်တော်တို့ အရင်တုံးကတော့ USIP ပေါ့။ အဲဒီအဖွဲ့ရဲ့ ယခင်တုန်းက လုပ်ဆောင်ချက်တွေကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်တယ်လို့ ပြောပေမယ့် အခုချိန်မှာတော့ တော်တော်လေးကို မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်စွက်ဖက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားတဲ့ အင်တာဗျူးပေါ့လေ၊ မီဒီယာတစ်ခုက ထုတ်လွှင့်ထားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီအထဲမှာ ပြောကြားတဲ့ ပုံစံအရဆိုရင် ဒီ PDF တွေဟာ ကျားဖြန့်လုပ်ငန်းပေါ့နော်၊ အရင်တုန်းက ကျွန်တော်တို့ BGF က လုပ်နေတဲ့ ကျားဖြန့်လုပ်ငန်းကို နှိမ်နင်းဖို့အတွက် လုပ်တယ်ဆိုတဲ့ ဟာမျိုးလည်း ပြောထားတာ တွေ့ရတယ်။ ဒါ့အပြင် သိပ်ပြီးတော့ ယုတ္တိ ယုတ္တာမရှိတဲ့ အပြင် ဗြောင်လိမ် ဗြောင်စား လုပ်ထားတာလည်း တွေ့ရတယ်။ ယခင်တည်းကတိုင် ရွှေကုက္ကိုထဲကို သူတို့က နှိမ်နင်းဖို့အတွက် PDF တွေက ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် အကျအဆုံးများစွာနဲ့ မအောင်မြင်ဘူး။ ဒါကြောင့်မို့ ခုချိန်မှာ ပြန်လုပ်တာဆိုပြီး ပြောထားတာ တွေ့ရတယ်။ ယခင်တုန်းကလည်း လုပ်ခဲ့တာ မရှိပါဘူး။ ယခုလည်း လုပ်ခဲ့တာ မရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီကိစ္စကို ပြောခဲ့တာသည် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ထိုင်းနဲ့ ၊ ဗိုလ်ချုပ်ကြီးတစ်ယောက် လာတဲ့အချိန်မှာ KK Park နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ အဲဒီမှာ ဒါတွေ လုပ်နေတယ်။ အဲဒါကြောင့် ထိုင်းနဲ့ မြန်မာပူးပေါင်းပြီး ဒါတွေ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပြောခဲ့တာပဲ။ ပြောခဲ့ပြီး နောက်ပိုင်းမှ ဒါကို သံယောင်လိုက်တာပဲ။" ဟု ရှင်းလင်းပြောဆိုထားသည်။


KNU/PDF အကြမ်းဖက်အဖွဲ့များက မြဝတီမြို့ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ပြောရမယ်ဆိုရင် ဘာလဲဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီနေရာမှာ ကျွန်တော်တို့က မြဝတီမြို့ခံတွေကစပြီး ဒီကောင်တွေကို လိုလားတာ မရှိပါဘူး။ တချိန်တုန်းက လိုရားချင် လိုလားပေမယ့် လက်တွေ့မှာ လိုလားတာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟာတွေ လုပ်ခြင်းအားဖြင့် သူတို့အနေနဲ့က သူတို့ရဲ့ ရည်ရွယ်ချက်အမှန်သည် ကုန်သွယ်ရေး အဓိက လမ်းကြောင်း ဖြစ်နေတယ်။ ကုန်သွယ်ရေး အဓိကလမ်းကြောင်း ဖြစ်နေတဲ့အရာကို ဖြတ်တောက်ပိတ်စို့ချင်တယ်။ မှောင်ခိုလုပ်ပြီးတော့ အကျိုးအမြတ် ခံစားချင်တယ်။ ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ထိန်းချုပ်ပြီးတော့ သူတို့ အသက်ဆက်ချင်လို့ လုပ်တာပဲ ဖြစ်တယ်။  အဲဒါကို ခုနက ပြောတဲ့ United States Institute of Peace ပေါ့နော် (USIP) ကလည်း သံယောင်လိုက်ပေးတဲ့ သဘောပဲ ရှိပါတယ်။" ဟု ရှင်းလင်းပြောဆိုထားသည်။


မြဝတီမြို့ကို KNU/PDF က သိမ်းပိုက်ရန်ကြိုးပမ်းခြင်းမှာ လောင်းကစားလုပ်ငန်း၊ ကျားဖြန့် လုပ်ငန်းများကို နှိမ်နင်းရန်ဟူသော အကြောင်းပြချက်မှာ အဓိပ္ပာယ်မရှိတဲ့ ယုတ္တိ ယုတ္တာမရှိတဲ့ အကြောင်းပြချက်၊ ယုတ္တိ ယုတ္တာ မရှိတဲ့ ပြောဆိုချက်လို့ပဲ ကျွန်တော် ပြောချင်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)