KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လက်ချက်ဖြင့် သဖန်းဆိပ် ဆည်ဘောင်များ ပျက်စီးယိုယွင်းနေကြောင်း ဆရာတော်ဦးဝါသဝ သတိပေးမိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လက်ချက်ဖြင့် သဖန်းဆိပ် ဆည်ဘောင်များ ပျက်စီးယိုယွင်းနေကြောင်း ဆရာတော်ဦးဝါသဝ သတိပေးမိန့်ကြား

 


ကျွန်းလှ၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အား KIA/PDF အကြမ်းဖက်သမားများက အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝ က ယမန်နေ့က ရုပ်သံတစ်ခု ထုတ်လွှင့် ပြောဆိုခဲ့ပြီး အကြမ်းဖက်သမား၏ ဖျက်ဆီးမှုကြောင့် ဆည်ဘောင်တမံများပါ ပျက်စီးယိုယွင်းလာကြောင်း ဆရာတော်က သတိပေး မိန့်ကြားထားသည်။

ဆရာတော် ဦးဝါသဝက "ဒီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ရဲ့အနောက်ဘက်မှာ သဖန်းဆိပ်ဆည်ရှိတယ်။ အဲဒီ ဆည်အကြောင်းကို ဆရာတော် မိန့်ကြားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဆရာတော်တို့ ကျွန်လှမြို့ရဲ့ အနောက်ဘက် သဖမ်းဆိပ်ဆည်မှာဆိုရင်တော့ လျှပ်စစ်စက်ရုံရှိပါတယ်။ အဲဒီလျှပ်စစ်စက်ရုံကနေပြီးတော့ လိပ်ဆင်းတောင် ဓာတ်အားခွဲစက်ရုံရှိပါတယ်။ ဓာတ်အားခွဲစက်ရုံကို ဘယ်ကနေ သွားသလဲဆိုရင် သဖန်းဆိပ်ဆည်ကနေ သွားပါတယ်။ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက် မီတာ ၁၀၀ လောက်မှာ ထရန်စဖော်မာအိုးတွေ ရှိပါတယ်။ လျှပ်စစ်ဓာတ်တိုင်တွေ ရှိတယ်။ လျှပ်စစ်ကြိုးတွေ ရှိတယ်။ PDF အကြမ်းဖက်သမားတွေက KIA ကို ပထွေးတော်ပြီးတော့ အခု လာပြီးတော့ မိုင်းတွေ လာထောင်တယ်။ လက်လုပ်စိန်ပြောင်းတွေနဲ့ ရမ်းပြီး ပစ်တဲ့အခါမှာ လိပ်ဆင်းတောင် ဓာတ်အားခွဲစက်ရုံကို ပေးတဲ့ ထရန်စဖော်မာအိုးတွေက ၂လုံး လုံး ကွဲသွားပါတယ်။ ပျက်စီးသွားပါတယ်။ ဓာတ်တိုင်တွေလည်း ပျက်စီးတယ်။ လျှပ်စစ်ကြိုးတွေလည်း ပျက်စီးတယ်။" ဟု မိန့်ကြားသည်။

စိုးရိမ်ရသည့် အခြေအနေနှင့် ပတ်သက်၍ ဆရာတော်က " နောက် ဒီထက်ပိုဆိုးတာက တမံဘောင်တွေ ရှိပါတယ်။ ဆည်တမံဘောင်တွေ ရှိတယ်။ KIA ရဲ့ စေခိုင်းမှုနဲ့အတူ တမံဘောင်တွေလည်း ထိခိုက်မှုတွေ၊ ပျက်စီးမှုတွေ ရှိတယ်။ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်ကနေပြီးတော့ ကျေးရွာ၊ မြို့တွေ ရွှေဘိုထိအောင်ပေါ့။ ဆရာတော် မိန့်ကြားလိုပါတယ်။ သဖန်းဆိပ်ဆည်ကျိုးကျလို့ရှိရင် KIAရဲ့ ဦးဆောင်မှု စေခိုင်းမှုနဲ့အတူ PDF တွေရဲ့ လက်ချက် ဖြစ်ပါတယ်လို့ ဆရာတော်မိန့်ကြားလိုပါတယ်။" ဟု ဆရာတော်က အများပြည်သူအတွက် စိုးရိမ်ရသည့် အခြေအနေကို ရုပ်သံထုတ်လွှင့်၍ ရှင်းလင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)