ရွှေတောင် ဧပြီ -၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေး ကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက စက်မှု၊စိုက်ပျိုးရေး မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကိုကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီနီဝင်းက Grade-9 အောင်မြင် သော ကျောင်းသားကျောင်းသူများအား စက်မှု၊ စိုက်ပျိုး မွေးမြူရေးကျောင်းသို့ တက်ရောက်သင်ကြားခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များ၊ အခွင့်အလမ်းများကို ပြောကြားခဲ့သည်။ဆက်လက်၍ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးရေးဆိုင်ရာအချက်အလက်ကိစ္စရပ်များကိုအသီးသီးပြောကြားပြီး အဆိုပါ သင်တန်းကျောင်းများမှခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး၊မွေးမြူရေးပညာရပ်များတစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သောကျောင်းသား /ကျောင်းသူများအတွက်အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိက စိုက်ပျိုး၊မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး - မွေးမြူရေးကျွမ်းကျင် လုပ်သားများ (Skilled Workers) ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
စက်မှု၊စိုက်ပျိုးရေး မွေးမြူရေးအထက်တန်း ကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ ဆရာ၊ဆရာမများ၊မိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိ အလက ၊ အထက-ခွဲ နှင့် အထက်တန်းကျောင်းများတွင်လည်း အလားတူသင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲများကျင်းပခဲ့ ကြောင်းသိရသည် https://t.me/MyanmarNationalPost
No comments:
Post a Comment