ကျင်ဒွေး၊ ဧပြီ ၁၉
ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ တွင် ဒေသခံပြည်သူများ ခိုလှုံနေထိုင်လျက်ရှိသော အထကကျောင်းပေါ်သို့ ယမန်နေ့ည (၇ ၀၀)နာရီဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ ပစ်ချတိုက်ခိုက်သော Drop Bomb များ ကျရောက်ပေါက်ကွဲပြီး အထကကျောင်းအတွင်း ခိုလှုံနေသူ ဦးသိန်းအောင်၊ မောင်သူရလင်း၊ မောင်ရဲထက်နိုင် တို့ ၃ဦး သေဆုံးခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#News
No comments:
Post a Comment