ကျွန်းလှ၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည် လျှပ်စစ်ရုံးတွင် အခြေချနေထိုင်လျှက်ရှိသော အကြမ်းဖက်အဖွဲ့အား ယမန်နေ့က တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ရှင်းလင်းဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးများစွဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ရှင်းလင်းဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင် ၂ခု နှင့် ၎င်းကျည် ဗုံးသီး အလုံး(၂၀)အား သိမ်းဆည်းရရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment