နယူးဒေလီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများမှ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၊ Secretary (East)၊ H.E. Shri Jaideep Mazumdar အား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယူးဒေလီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများမှ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၊ Secretary (East)၊ H.E. Shri Jaideep Mazumdar အား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံ




နယူးဒေလီ၊ ဧပြီ ၁၉

အာဆီယံ-နယူးဒေလီကော်မတီ (ANDC) ၏ အစီအစဉ်ဖြင့် နယူးဒေလီမြို့အခြေစိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary (East) အဖြစ် မကြာသေးမီက စတင်တာဝန်ထမ်းဆောင်ခဲ့သည့် H.E. Shri Jaideep Mazumdar အား ၁၉-၄-၂၀၂၄ ရက်နေ့က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။

နေ့လယ်စာစားပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများနှင့် H.E. Shri Jaideep Mazumdar တို့သည် အာဆီယံနှင့် အိန္ဒိယ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် အလားအလာကောင်းများ၊ အာဆီယံ-အိန္ဒိယ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကူးလူးဆက်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)