နွေစပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲသန်လျင်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲသန်လျင်၌ ကျင်းပ

 



ရန်ကုန်  ၊ ဧပြီ ၂၃

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘယက်ကျေးရွာတွင် တောင်သူဦးစံသိန်း၏ လယ်မြေ၌ စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက်တွင် အဆိုပါလယ်မြေ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဒေသခံတောင်သူများအား သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက နွေစပါးမျိုးစေ့ချကိရိယာဖြင့် စပါးအထွက်နှုန်းတိုးတက်စေရေး တောင်သူများ ကြိုးပမ်းစိုက်ပျိုးသွားကြရန် ရှင်းလင်းဆွေးနွေးသည်၊ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနခရိုင်မန်နေဂျာ ဒေါ်ခင်ခင်ပြုံးနှင့် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးခိုင်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်တို့က စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော လယ်မြေအတွင်း စံကွက်တိုင်းတာခြင်းနှင့် ခေတ်မီရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်နှင့် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးကြသည်။

သန်လျင်မြို့နယ် ဘယက်ကျေးရွာ၌ စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းမှ နွေစပါး (၁၁၇.၃၉) တင်း ထွက်ရှိကြောင်း သိရသည်။


ဖြိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)