ဓနုဖြူမြို့နယ်၌ ၂ဝ၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်း၊ ရေပေးရေးနှင့် ဆိုလာရေတင်စနစ် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်၌ ၂ဝ၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်း၊ ရေပေးရေးနှင့် ဆိုလာရေတင်စနစ် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

 



ဓနုဖြူ ဧပြီ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်း၊ ရေပေးရေးနှင့်ဆိုလာရေတင်စနစ် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းများလွဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်က စီမံကိန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလရန်ပုံငွေ)ဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်း(၄)ခု၊ ငွေလုံးငွေရင်း(မွမ်းမံ)ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း(၁)ခု၊ နိုင်ငံတော်ထောက်ပံ့ (Unicef+ပြည်သူ)ဖြင့် လုပ်ငန်း(၁)ခု၊ စုစုပေါင်း ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၆)ရွာ လုပ်ငန်း(၆)ခုနှင့် ကျေးရွာအုပ်စု(၁၀) အုပ်စု၊ ကျေးရွာ (၁၁) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း(၈)ခု၊ မီးလင်းရေး(၃)ခုနှင့် ရေသန့်စင်စနစ်(၇)ခု စုစုပေါင်းလုပ်ငန်း(၁၈)ခုတို့အား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်း ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းစာအုပ်များ(VDP Book) အား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ(TPIC)ထံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။


ထို့နောက် အခမ်းအနား ဒုတိယပိုင်းအားဆက်လက်ကျင်းပရာ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းယူနစ်(၅၈) ယူနစ်၊ ကျေးရွာ (၇၇)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာ(၁၁) ရွာတို့မှ တက်ရောက်လာသော ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များ၊ ကော်မတီများမှ တစ်နှစ်ပတ်လုံး စီမံကိန်းဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်များအားဝိုင်းဖွဲ့၍ ဆွေးနွေးအကြံပြုခဲ့ကြသည်။


ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ရေပေးရေး လုပ်ငန်းတွင် အကျိုးပြု အိမ်ခြေ (၅၆၂) ၊ အကျိုးပြုလူဦးရေ (၂၁၅၀) အကျိုးပြုကျေးရွာအနေဖြင့် (၆)ရွာအကျိုးပြုမည်ဖြစ်ပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများတွင် အကျိုးပြုအိမ်ခြေ (၁၉၇၇)၊ အကျိုးပြုလူဦးရေ (၂၀၁၆) နှင့်အကျိုးပြုကျေးရွာအနေဖြင့် (၁၁)ရွာကို အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC) အဖွဲ့ဝင်များဖြစ်သော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာရေပေးရေးကော်မတီဝင်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)