ကျိုင်းတုံ ဧပြီ ၅
ရှမ်းပြည်နယ်ဝန်ကြီချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ကျိုင်းတုံမြို့၊ လွိုင်မွေရှိနှစ်တစ်ရာ အိမ်တော်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တိုးချဲ့ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လွိုင်မွေကန်တံတား (၃၅၀) ပေ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျိုင်းတုံမြို့လေယာဥ်ကွင်း လျာထားစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အမှတ် (၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လေယာဥ်ကွင်းဆောင်ရွက်မည့်နေရာအား လှည့်လည်ကြည့်ရှုကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
https://t.me/MyanmarNationalPost
No comments:
Post a Comment