ပုဗ္ဗသီရိ ဧပြီ ၂
ပုဗ္ဗသီရိမြို့နယ် YGW (YELLOW GENERATION WAVE) အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများနှင့် မြန်မာ့သိုင်းပညာသင်တန်းများကို ယမန်နေ့နံနက်ပိုင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိရှိအသုံးချစေရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာစေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စေရန်၊ ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးလျက်ရှိရာ၊ YGW (YELLOW GENERATION WAVE) အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းမှ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများနှင့် မြန်မာ့သိုင်းပညာသင်တန်းသို့ သင်တန်းတက်ရောက်သူ စုစုပေါင်း (၁၆၀)ဦး တက်ရောက်လျက်ရှိပြီး၊ နည်းပြနှစ်ဦးဖြင့် မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့ထိ နံနက် ၇ နာရီခွဲ မှ ၈ နာရီခွဲထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost

No comments:
Post a Comment