ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း၏ နှစ်သစ်ကူးဆုတောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း၏ နှစ်သစ်ကူးဆုတောင်း


မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ ၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ် ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံးနဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။ ကျွန်တော်တို့ YMBA အသင်းရဲ့ အဓိက ရည်ရွယ်ချက်များဖြစ်တဲ့ အမျိုး/ဘာသာ/သာသနာ/ပညာ စတာတွေကိုဦးတည်ပြီး တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ 

ထို့အတူ ကျွန်တော်တို့အသင်းရဲ့ နာယကကြီး ဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကလည်း ကျွန်တော်တို့အသင်းက အမျိုးသားရေးအသင်းဖြစ်တာကြောင့် နိုင်ငံရေးကို မလုပ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားပါတယ်။ နိုင်ငံ့အရေးဆိုတာက နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရတာတွေ၊ ဘာသာရေးနဲ့ သာသနာအရေးကိစ္စတွေမှာ ကူညီပံ့ပိုးဆောင်ရွက်ရတာ နိုင်ငံ့အရေးပါ။ ထိုကဲ့သို့ အရေးတွေကို အသင်းကြီးအနေနဲ့ ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိပါတယ်။ နိုင်ငံ တစ်ခု အေးချမ်းသာယာမှ စည်ပင်ဝပြောမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးကို ဝိုင်းဝန်းလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ နှစ်သစ် အခါသမယမှာ YMBA အသင်းအနေနဲ့ ပြောကြားလိုတာက တိုင်းသူပြည်သားတွေ စည်းလုံး ညီညွတ်ကြဖို့၊ သွေးခွဲစကားတွေကို မယုံကြည်ကြဖို့၊ လေလိုင်းပေါ်ကစကားတွေကို မယုံကြည် ဖို့ တိုက်တွန်းချင်ပါတယ်။ 

နှစ်သစ်မှာ အထူးတိုက်တွန်းလိုတာက တိုင်းပြည်အေးချမ်းသာယာဝပြောဖို့ အဓိကအရေးကြီးပါတယ်။ အသင်းကြီးနဲ့အတူ မြန်မာပြည်သူ ပြည်သားအားလုံး ဝိုင်းဝန်းပြီး တိုင်းပြည်အေးချမ်း သာယာအောင် ဆောင်ရွက်ကြပါစို့။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)