ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင်မှာရှိတဲ့ ပန်ဇင်းချောင်းတံတားကို AA အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း အများပြည်သူ သိခဲ့ရပြီး ဖြစ်ပါတယ်။ ပန်ဇင်းချောင်းတံတားကို မေလ ၆ ရက်နေ့ ညနေပိုင်းမှာ AA အကြမ်းဖက်အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရေအလည်တိုင်စင် ကျိုးကျပျက်စီးသွားခဲ့ပါတယ်။
ထို့အတူ ဧပြီလအတွင်းမှာလည်း ဆင်အိုးပြင်ရွာနဲ့ ဂုံးနားရွာကြားမှာရှိတဲ့ တံတားကို AAအကြမ်းဖက်အဖွဲက မိုင်းခွဲဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း AA အကြမ်းဖက်အဖွဲ့က ကျောက်ဖြူမြိုရှိ တံတား ၂ စင်းနဲ့ မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို သိရပါတယ်။
ရှမ်းပြည်(မြောက်ပိုင်း)မှာ မဟာမိတ်(၃)ဖွဲ့လို့ အမည်ခံထားတဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက (၁၀၂၇) စစ်ဆင်ရေးကြေညာပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့စဉ်ကလည်း အလားတူ အများပြည်သူအသုံးပြုတဲ့ တံတားပေါင်းများစွာကို မိုင်းခွဲဖျက်ဆီးလုပ်ခဲ့ကြပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ KNU, KNLA, PDF အစရှိသော အကြမ်းဖက်အဖွဲ့များကလည်း ထိုနည်းတူစွာ အများပြည်သူအသုံးပြုနေတဲ့ တံတားများကို မိုင်းခွဲဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံအဝှမ်းမှာ အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အများပြည်သူအသုံးပြုနေတဲ့ တံတားပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေဟာ အစိုးရကို ပုန်ကန်နေတာပါလို့ ကြွေးကြော်ပြီး အများပြည်သူအတိဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဖြစ်နေပါတယ်။ တံတားတွေ ပျက်စီးသွားခြင်းကြောင့် ဒေသခံပြည်သူများရဲ့ ခရီးသွားလာရေး အခက်အခဲဖြစ်ပေါ်ရသလို လမ်းခရီး ချောမွေ့ခြင်းမရှိတဲ့အတွက် စားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်း စတဲ့ အထွေထွေအကြပ်အတည်းများ ဖြစ်ပေါ်လာအောင် အကြမ်းဖက်အဖွဲ့များက ဖန်တီးလုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။
Photo Crd -
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment