သံတွဲ၊ မေ ၂၂
သံတွဲမြို့အနီးဝန်းကျင်သို့ AA အကြမ်းဖက်အုပ်စုက ချည်းကပ်လာနေကြောင်း၊ တပ်မတော်အနေဖြင့် ထိထိမိမိဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦး ဆက်သွယ်ပြောဆိုသည်။
ဒေသခံ က "တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ပစ်ခတ်နှိမ်နှင်းနေသော်လည်း တစ်ဖက်ရန်သူအဖွဲ့အစည်းမှ နောက်သို့စွန့်ခွာသွားခြင်းမရှိပဲ ရှေ့သို့ (သံတွဲမြို့နား)သို့ နီးကပ်လာသောကြောင့် သံတွဲမြို့ခံများ သံတွဲမှ စွန့်ခွာထွက်သွားသူများ ရှိနေသဖြင့် တပ်မတော်မှ ထိထိမိမိဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ သံတွဲမြို့တောင်ပိုင်းသားတွေအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်တာကို လက်မခံပါ။" ဟု ပြောဆိုသည်။
၎င်း၏ ဆက်သွယ်ပြောကြားချက်အရ သံတွဲမြို့မှ အစိုးရဝန်ထမ်းများလည်း သံတွဲမှထွက်ခွါသွားရန်ပြုလုပ်နေကြောင်း၊ တစ်ဖက်အဖွဲ့အစည်းမှ သံတွဲမြို့ခံများအား လာမည့် 27 ရက် 28ရက်နေ့များတွင် ထွက်ခွာသွားရန် လိုင်းပေါ်မှ နှိုးဆော်ထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment