ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ မေ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးဖြတ်သတ်ခြင်း၊ ၂၀ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရ ပါသည်။


ဖြစ်စဉ်အမှန်မှာ ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် PDF အမည်ခံအကြမ်းဖက်သမားများက ကံသစ်ကျေးရွာ အနီးတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားဆောင်ရွက်နေကြောင်း အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ မှုအရ မေလ ၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ၏ ယာယီတဲ စခန်းတစ်ခုအား တွေ့ရှိခဲ့ပြီး ဝင်ရောက်ရှင်းလင်းစဉ် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများမှ ကံသစ်ကျေးရွာရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့သည့် အတွက် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့နောက် ယာယီတဲစခန်း အတွင်းမှ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၅ လက်နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။


တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့်  ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေပြီး အကြမ်းဖက် သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)