ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ပန်းတောင်း   ၊  မေ  ၁၀


ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးနှင့်ပတ်သက်၍ သွားလာမှုများအထူးဂရုစိုက်ကြရန်၊ မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသောစာကြည့်တိုက်များသုတ/ရသစာပေများ ပိုမိုဖြည့်တင်းထားရှိနိုင်ရေး၊ လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးခဲ့သည့် ကျေးရွာများသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် မီးသတ်ဆေးဗူးများ အသစ်လဲလှယ်ထားရှိကြရန်စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဌာနအလိုက်ဆောက်ရွက်ကြသည့် လုပ်ငန်းများအား တိကျသေချာစွာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာအသီးအသီးများမှ အကြီးအကဲများကမိမိတို့ဌာန ဆောင်ရွက်ထားရှိမှုအ​ခြေအနေအခက်အခဲများ၊ လုပ်ငန်းစဥ်များအားတစ်ဦးချင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)